ဈေးကွက်ထဲမှာ iPhone တွေက Single Sim နဲ့ Dual Sim ဆိုပြီး ၂ မျိုးရှိနေတယ် ဘာတွေ ကွာခြားချက်ရှိတာလဲ ဘယ်ဟာကို ရွေးချယ်ဝယ်ယူရမှာလဲ ?

Single Sim ဟန်းဆက်နဲ့ Dual Sim ဟန်းဆက် ဘယ်ဟာကိုကိုင်သင့်လဲလို့မေးလာခဲ့ရင် ကျနော့်အနေနဲ့ဖြေကြားပေးချင်တာက "ကိုယ့်အကြိုက် နဲ့ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူပါ" လို့ပဲဖြေချင်ပါတယ်။
Sim ကဒ် (၁)ကဒ် ထည့်လို့ရတာနဲ့ (၂)ကဒ်ထည့်လို့ရတဲ့ အချက်ကလွဲရင် ကျန်တာဘာမှကွာခြားချက်မရှိပါဘူး။ ဒါပေမယ့် ဆင်းကဒ် ၁ကဒ်ဆိုရင် ဖုန်းလိုင်းတစ်ခုကိုပဲ ရှာရမှာပါ။ ၂ ကဒ်ဆိုရင် ဖုန်းလိုင်း၂လိုင်းကို ရှာရမှာပါ။ ဒါကြောင့် ဖုန်းလိုင်းသိပ်မမိတဲ့နေရာတွေမှာဆိုရင် Battery ပိုင်းမှာ ၂ ကဒ်ထိုးတဲ့ဖုန်းက အနည်းငယ် ပိုကုန်နိုင်ပါတယ်။ ဒါကလဲ ဖုန်းလိုင်းမိတဲ့နေရာတွေမှာ ပြသနာမရှိနိုင်ပါ။
ဆင်းကဒ် တစ်ကဒ်တည်းသုံးနေသူတွေအတွက်ကတော့ Single Sim(eSim) က အဆင်ပြေပေမယ့်လို့ ဆင်းကဒ်တစ်ခုထပ်ပိုပြီး သုံးနေသူတွေ အတွက်ကတော့ Dual Sim ဟန်းဆက်ကို ရွေးချယ်သင့်ပါတယ်။ Dual Sim ဟာ နိုင်ငံခြားကို မကြာခဏသွားသူတွေအတွက်ဆိုရင် မြန်မာနိုင်ငံက ဆင်းကဒ်ကို ဖြုတ်စရာမလိုဘဲ နိုင်ငံခြားက ဆင်းကဒ်ကို ထပ်ပြီး ထည့်သုံးလို့ရပါတယ်။
မြန်မာနိုင်ငံမှာက Single Sim ဟန်းဆက်တွေကိုသာ ပြည်တွင်းအတွက် Warranty အပြည့်အဝဖြင့်  တရားဝင်တင်သွင်းရောင်းချနေပေမယ့်လို့ ဈေးကွက်လိုအပ်ချက်အရ Dual Sim များကို အလွန်မှ လူကြိုက်များပါတယ်။  Warranty ကိစ္စစဉ်းစားမယ်ဆိုရင်တော့ Single Sim တွေဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်ရလွယ်ကူနိုင်ပါတယ်။ ဒါပေမယ့် Apple မှ ရောင်းချနေတဲ့ Physical Dual SIM iPhone များအားလုံးကလည်း 1 Year Apple Official Warranty ပါဝင်ပြီးဖြစ်ပါတယ်။ 

ကျတော်တို့ Dr.Fone မှာဝယ်ယူသော မိတ်ဆွေများအတွက်ကတော့ Warranty ကာလအတွင်း factory error များဖြစ်ခဲ့ရင်လည်း သက်ဆိုင်ရာ Apple Store များသို့ ပြန်လည်တင်ပို့ပြီး Warranty အပြည့်အဝရရှိအောင် ကျတော်တို့ Dr.Fone မှအခမဲ့တာဝန်ယူ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
 

iPhone Model Region ကိုကြည့်ပြီး ဖုန်းကဘယ်နိုင်ငံအတွက်ထုတ်ထားတာလဲ ဘယ်လိုအလုံးလဲ ဘာတွေကွာလဲဆိုတော့



ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511